သတိ ....!
အမုန်း ရဲ့ 
ရှေ့ ကိုက်(1500 )တွင်
အချစ်ရှိသည်....။
ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)
2
1
Get a scroller sign at http://www.crazyprofile.com.com!
Showing posts with label ဒိုင်ယာလော့. Show all posts
Showing posts with label ဒိုင်ယာလော့. Show all posts
Sunday, January 12, 2014
Saturday, November 23, 2013
ဟဲဟဲ
ဖွန်ကြောင်တစ်ယောက်တော့
မဟုတ်ဘူး... .
အပျင်းပြေ
ရည်းစားတော့ထားတယ်...။
မှတ်ချက် ...... ဟာသမျှသာဖြစ်သည်
ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)
Tuesday, May 7, 2013
လွတ်လပ်တဲ့ ဒီမိုကရေစီခေတ်ဆိုတာ...?
ဆရာမက ကျောင်းသား/ ကျောင်းသူလေးတွေကို
ဒီမိုကရေစီ နဲ့ ပက်သက်တဲ့ ဗဟုသုတလေးတွေ မေးနေသော အချိန်ဖြစ်တယ်......
ဆရာမ....ကဲသားတို့ သမီးတို့  လွပ်လပ်တဲ့ ဒီမိုကရေစီခေတ်ဆိုတာကို
နားလည်ကြလား? ထိုကျောင်းသား/ ကျောင်းသူလေးများထဲမှ သွက်သွက်လပ်လပ်ရှိဟန်တူသော ကောင်မလေးတစ်ယောက်ကထထိုင်လိုက်ြ ပီး.... အောက်ပါအတိုင်းမဆိုင်းမတွဖြေဆို လိုက်လေတော့သတည်း........
ကျောင်းသူ......လွပ်လပ်တဲ့ဒီမို ကရေစီခေတ်ဆိုတာ သမီးတို့ မိန်းကလေးတွေ အ၀တ်အစားဝတ်တဲ့အခါမှာ လွတ်ချင်သလောက်လွတ်ပြီး လပ်ချင်သလောက်လပ်အောင်ဝတ်နိုင်တဲ့ခေတ်ကိုပြောတာပါဆရာမ....
ဆရာမ.....အမ်!....။
ဇိုး
( ပိုက်ဆံတစ်သောင်းတန်မြို့တော်)
Wednesday, April 24, 2013
Monday, April 1, 2013
Saturday, March 30, 2013
Wednesday, March 13, 2013
Sunday, February 24, 2013
အချစ်ဆိုတာ....
ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့တိုင်ပင်တယ်ဗျာ။
အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ်ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။“အိုကွာ ဒါဆိုရင်
သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန်လုပ်မယ်ကွာ”၊ “ဟကောင်ရ
အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊ “ဟာဒါဆိုရင်တော့
ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊ “သြော်
မင်းကဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။ “ကျွန်တော်ချစ်တာကို
သူမသိနိုင်ရင်နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊
ကိုယ်ချစ်နေရရင်ပြီးတာပါပဲလေ”၊ “ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ
ဘာတွေနဲ့ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊ “ဟ မင်းဟာက အမှုတွေ
များလှချည်လား၊တော်ပြီကွာ မချစ်တော့ဘူး”၊ “ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့
အဲဒါမှထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။
ဘယ်လိုလုပ်ရတော့မလဲဗျာ၊ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။

Monday, February 18, 2013
Sunday, February 3, 2013
Saturday, January 26, 2013
Saturday, January 19, 2013
Subscribe to:
Posts (Atom)